Loading...
Photoshop သင်တန်း

image

Photoshop အပိုင်းကို အခြေခံမှစ၍ ကျွမ်းကျင်စွာ ရေးဆွဲနိုင်သည်အထိ သင်ယူရပါမည်။ ဘယ်သူတွေ တက်သင့်သလဲဆိုရင် Photoshop ပညာရပ်ကို ကျွမ်းကျင်စွာ လေ့လာချင်သူများ တက်သင့်ပါတယ်။ Photo Editing အပိုင်းကို အဓိက သင်ယူရမှာဖြစ်ပါတယ်။

Photoshop ဘာသာရပ်တွင် သင်ယူရမည့် အကြောင်းအရာများ။
  • လိုင်စင်ပုံ ၊ ဗီနိုင်းဒီဇိုင်း ဒီဇိုင်းများ ပြုလုပ်ရေးဆွဲနည်း
  • အလှူ ၊ မင်္ဂလာဆောင် ၊ မွေးနေ့ ဖိတ်စာကဒ် ပြုလုပ်ရေးဆွဲနည်း
  • ကျောင်းသားကဒ် ၊ လိပ်စာကဒ် ရေးဆွဲနည်း
  • ဓါတ်ပုံ Frame ပြုလုပ်နည်း
  • ဓာတ်ပုံ နောက်ခံ Background များ အစားထိုးပြောင်းလဲခြင်း
  • စာအုပ်မျက်ဖုံး ဒီဇိုင်းများ ပြုလုပ်ရေးဆွဲနည်း
  • ကုမ္ပဏီများအတွက် Flyer များ ရေးဆွဲနည်း

YGN Net မှ ဖွင့်လှစ်ထားသော Photoshop သင်တန်းများကို အသက် ၁၂ - ၃၅ နှစ်အတွင်း မည်သူမဆိုတက်ရောက် သင်ကြားနိုင်ပါသည်။

သင်တန်းချိန်ကို သပ်မှတ်ရက်များအတိုင်း မှန်မှန်တက်ရမည်ဖြစ်ပြီး သင်တန်းပြီးဆုံးသည့် နောက်ဆုံးရက်တွင် သင်တန်းဆင်းလက်မှတ်များ ချက်ခြင်းရရှိပါမည်။

တက်ရောက်သူများကို သင်ခန်းစာများ ပြန်လည်စစ်ဆေးသည့် Online Exam test ၊ သင်တန်းဆင်းလက်မှတ် ၊ သင်တန်းတက်သည့်အခါ ရရှိမည့် Class Room Guide Book များအတွက် 25,000 ကျပ် ပေးသွင်းရပါမည်။ အခြားမည်သည့် အပိုကြေးမှ ထပ်မံပေးဆောင်ရန် မလိုအပ်ပါ။

လှည်းတန်း သင်တန်းကျောင်း အချိန်ဇယားများ
📆 တနင်္လာ - အင်္ဂါ (တပတ်၂ရက်)
🕗 9:00AM - 10:30AM
သင်တန်းစမည့်ရက် - 27 May